ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် အခြေခံပညာကျောင်းများသို့ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရွေ့လျားစာကြည့် တိုက်လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ လူထုအခြေပြုဗဟိုဌာန (Community Centre)မှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ယနေ့နံနက် ၉ နာရီတွင် ကလောမြို့နယ်၊ ဝါးရုံပင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းနှင့် ဟဲဟိုးမြို့ အမှတ်(၆) အခြေခံပညာ မူလတန်း(လွန်) ကျောင်းများသို့ သွားရောက်၍ သုတ/ရသ စာအုပ်များ ငှားရမ်းပေးခဲ့








