ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး (EIM) လှုပ်ရှားမှုများဆောင်ရွက်ခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း
ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး(EIM) Exercise is Medicine အစီအစဉ်အရ ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်းကာ ကျောင်းနေအရွယ် ကလေးငယ်များ ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ဖွံ့ဖြိုးသော လူငယ်မောင်မယ်များ ပေါ်ထွက်လာစေရေးအတွက် (Myanmar Fitness Dance ) အကများဖြင့် သရုပ်ဖော် ကပြခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင် မိုးနဲ(အထက) ကျောင်း၌ လည်းကောင်း ၂၈ ရက်တွင် အထက(ခွဲ) နားခံကျောင်း၌ လည်းကောင်း လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရ







