မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတွင် နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် မေဓာဝီလမ်းရှိ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက အဆိုပါ ဆေးရုံကြီးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။




