မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E Mr. Scot Marciel နှင့် အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ရင်းရင်းနှီးနှီး လက်ခံတွေ့ဆုံ နှုတ်ဆက်သည်။





