ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့ပေါ်ရှိ လူမှုရေးအဖွဲ့အစည်းများစုပေါင်း၍ ကိုရိုနာဗိုင်းရပ်ရောဂါလက္ခဏာအကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များကို လူစည်ကားရာ စျေးများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်နှင့် တစ်အိမ်တက်ဆင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဆောင်ရွက်ကြကြောင်း သိရသည်။