ခန္တီးမြို့၌ လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာများအကြောင်း အသိပညာပေးဟောပြော
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာန ခန္တီးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီး၍ လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်က အထွေထွေအုပ်ချုပ်ရေးအစည်းဝေးခန်းမ၌ ကျင်းပသည်။








