မွန်ပြည်နယ် ဝန်ကြီးချုပ် ကျိုက်မရောမြို့ပြည်သူ့ဆေးရုံအား ကြည့်ရှုစစ်ဆေး
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် ကျိုက်မရော မြို့နယ်ပြည်သူ့ဆေးရုံသို့ ယနေ့နံနက် ၁၀နာရီ ကရောက်ရှိကာ ကျိုက်မရောမြို့နယ်၏ COVID - 19 ရောဂါ နှင့်ပတ်သက်၍ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လျက်ရှိသော အလုပ်သမားများ၏ ကျန်းမာရေးအခြေအနေများ၊ ဆေးရုံနှင့် အခြားကျန်းမာရေး ဌာနများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ကိုယ့်အသိစိတ်ဓါတ်ဖြင့် သတင်းပေးပိုမှု အခြေအနေများကို သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီများအား တွေ့ဆုံမေးမြန်း၍ လိုအပ်ချက်များအား သက်ဆိုင်ရာဌာနအကြီးအကဲများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။






