မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြသည့် ကမ်းဝေးငါးဖမ်း/ငါးသယ်ရေယာဉ် အားလုံးတွင် E-MTU/ Transponder (VMS ကိရိယာ)များကို တပ်ဆင်ခဲ့ပြီးဖြစ်၍ ကမ်းနီး ငါးဖမ်းကွက် များ LMMA ၊ Co-Management ဧရိယာများ၊ လန်ပိကျွန်းဧရိယာ(MPA)နှင့် တားမြစ်ထားသည့် ငါးဖမ်း ကွက်( F13၊ F14၊ F20၊ F21)များသို့ ဝင်ရောက်ငါးဖမ်းသည့် ရေယာဉ်များအား VMS Control Center များမှ စောင့်ကြည့်ထိန်းချုပ်ခြင်း လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိကာ စည်းကမ်း ဖောက်ဖျက်သည့် ရေယာဉ်များ၏ ပိုင်ရှင်များ၊ ရေယာဉ်မှူးများနှင့် သက်ဆိုင်ရာအေးဂျင့်များအား ဖုန်းဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း ဆက်သွယ်သတိပေးခြင်း၊ တားမြစ်ဧရိယာများမှ အမြန်ဆုံး ထွက်ခွာစေခြင်း စသည်တို့ကို ပညာပေးကာလအဖြစ် ဆောင်ရွက်လျက်ရှိ