ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် Posco International Myanmar မှ Covid-19 Diagnastic Reagents ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ဆေးသုတေသနဦးစီးဌာန ရန်ကုန်ရုံးချုပ်၌ ကျင်းပသည်။