ကျိုင်းလပ်မြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၁ လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ယမန်နေ့ ညနေ ၃နာရီ ၄၅ မိနစ်မှ ၄နာရီ ၁၅ မိနစ်အထိ လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ
ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် သမိုင်းဝင်ရွှေတောင်ဦးရှိ ဘုန်းတော်ကြီး ကျောင်းများအား ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်းမှ သမိုင်းဝင်ရွှေတောင်ဦးရှိ တိပိဋက စာသင်တိုက်နှင့် ကျောင်းတိုက်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေး ဖျန်းခြင်းများကို ဧပြီ ၂၃ ရက်နေ့ နံနက် ၈ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက သွားရောက်၍ ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရ
ဆွမ်ပရာဘွမ်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပင်စင်လစာများ ထုတ်ပေး
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များကို ယနေ့ နံနက် ၉ နာရီခွဲမှ  စတင်၍ စနစ်တကျ ထုတ်ပေးလျက်ရှိ
ကော့ကရိတ်မြို့ ကရင်နှစ်သစ်ကူးကွင်းတွင် ယာယီပျံကျဈေး ဖွင့်လှစ်ရောင်းချ
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ပြည်သူများ စားသောက်ကုတ်ပစ္စည်းများ အခက်အခဲမရှိ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်စေရန်နှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက မြို့ဈေးရှိ ဈေးသူဈေးသားများကို ကော့ကရိတ်မြို့ ကရင်နှစ်သစ်ကူး ကွင်းတွင် ယာယီပျံကျဈေး ဖွင့်လှစ်ရောင်းချစေခဲ့ကြောင်း သိရ
ကာမိုင်းမြို့၌ ဆေးတပ်ဖွဲ့ဝင်များကဒေသခံပြည်သူများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ မြစိမ်းရောင်ရပ်ကွက်နှင့် မအူပင်စုရပ်ကွက်ရှိ ဒေသခံ ပြည်သူများအား အမှတ်(၃၃၂)နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ဆေးတပ်ဖွဲ့ဝင်များက ကျန်းမာရေး စောင့်ရှောက်မှု နယ်လှည့်ကွင်းဆင်း၍ အခမဲ့ ဆေးကုသပေးခြင်းကို မြစိမ်းရောင်ရပ်ကွက် ဒေါ်လဗျလုနေအိမ်၌ ယမန်နေ့ နံနက်(၁၀)နာရီက ဆောင်ရွက်ပေးခဲ့
ဖရဲကျွန်းတပ်ပိုးကျေးရွာ၌ ကျေးရွာဖွံဖြိုးရေး စီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် စာသင်ကျောင်း ဆောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခု ဘဏ္ဍာ နှစ်အတွင်း ကျေးရွာဖွံဖြိုးရေးစီမံကိန်း(VDP)ခွင့်ပြုရန်ပုံငွေကျပ် ၁၀ သန်းနှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ် ၂ ဒသမ ၅ သန်းဖြင့် ပူးပေါင်းဆောင်ရွက်သည့် ဖရဲကျွန်းတပ်ပိုးကျေးရွာ စာသင်ကျောင်း ဆောက်လုပ်နေမှုကို ယနေ့နံနက် ၁၀ နာရီက  မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ
ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေး ပွင့်ဖြူမြို့နယ်၌  ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉) ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ မြို့နယ်အတွင်း ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဧပြီ ၂၂ ရက်နေ့မှ စတင်ကာ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ညမထွက်ရ အမိန့်ထုတ်ပြန် ကြေညာခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉)ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီထံမှ သိရ