ဟားခါးမြို့ အဝင်/အထွက်နေရာများတွင် ကျန်းမာရေးစစ်ဆေးမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ဟားခါးမြို့ဝင်၊ မြို့ထွက် နေရာများတွင် ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။








