မြန်မာနိုင်ငံရှိ ကိုရီးယားလူမှုအဖွဲ့အစည်းမှ ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီဖွဲ့ ကွပ်ကဲရေးစခန်းသို့ နှာခေါင်းစည်း သုံးသောင်းလှူဒါန်း
Korean Association in Myanmar မှ ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီဖွဲ့ Special Rescue Team ကွပ်ကဲရေးစခန်းသို့ ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် နှာခေါင်းစည်း အခု ၃၀၀၀၀ ကို ယနေ့နံနက် ၉ နာရီက တာမွေအထက (၁) ဖွင့်လှစ်ထားသည့် ကွပ်ကဲရေးစခန်း၌ပေးအပ်လှူဒါန်းခဲ့သည်။






