ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် စက်ရုံ၊ အလုပ်ရုံများမှ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိ မရှိ ကွင်းဆင်းစစ်ဆေး
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ၌ စက်ရုံအလုပ်ရုံများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိကို လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ယနေ့ နံနက်ပိုင်းမှစတင်ကာ ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး
ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၀)ကို ယနေ့ မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီး သမဝါယမအသင်းသား ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများပေးအပ်
တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလတွင် အသင်းသား ဝန်ထမ်း(၁၉၃)ဦးအား ထောက်ပံ့စ္စည်းများပေးအပ်ပွဲကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၌ ကျင်းပခဲ့သည်။
မင်းဘူးမြို့တွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား Facility Quaranatine ၂၁ ရက် ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား Facility Quaranatine ၂၁ ရက် စောင့်ကြည့်နေရာချထားရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းကို မင်းဘူးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
ရွှေကူမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ငွေကျပ်သိန်း ၁၀၀ လှူဒါန်း
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် ငွေကျပ် သိန်း ၁၀၀ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဟားခါး၊ ဖလမ်းနှင့် တီးတိန်မြို့နယ်ဆေးရုံတို့အတွက် တံတားဦးစီးဌာန၊ တံတားစီမံကိန်းအဖွဲ့(၁)မှ ငွေကျပ် သိန်း ၅၀ တန်ဖိုးရှိ ဆေးနှင့် ဆေးရုံသုံးပစ္စည်းများ လှူဒါန်း
ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ဆေးရုံများတွင် အသုံးပြုနိုင်ရန်အတွက် တံတားဦးစီးဌာန၊ တံတားစီမံကိန်းအဖွဲ့(၁)မှ ငွေကျပ် သိန်း ၅၀ တန်ဖိုးရှိ ဆေးနှင့် ဆေးရုံသုံး ပစ္စည်းများ လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ရုံးခန်း၌ ပြုလုပ်ခဲ့သည်။