ကော့သောင်းမြို့တွင် ကမ်းနီးကမ်းဝေး ငါးဖမ်းငါးသယ် ရေယာဉ်များ ဆိုက်ကပ်စစ်ဆေးမည့် နိုင်ငံပိုင် တံတားတစ်စင်း ဆောက်လုပ်လျှက်ရှိ
ကော့သောင်းခရိုင်အတွင်း ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ ငါးတင် ငါးချရန်နှင့် ရေထွက်ကုန် ပစ္စည်းများ စစ်ဆေးနိုင်ရန်အတွက် FREE ON BOAT (FOB) စစ်ဆေးရေး တံတားတစ်စင်းကို ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်အတွင်းရှိ ကမ်းနီးကမ်းဝေးငါးလုပ်ငန်းကုမ္ပဏီများ တည်ရှိရာ ရေလုပ်ငန်းဇုန်တွင် ယခုနှစ် မေလပထမပတ်မှ စတင်ဆောက်လုပ်လျှက်ရှိကြောင်း သိရ







