မအီမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အရှိန်အဟုန်မပျက်ဆောင်ရွက်
မအီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စည်ပင်သာယာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းကမအီမြို့၊ စည်ပင်သာယာမြို့မဈေးအတွင်း၌ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများကို နှာခေါင်းစည်းများ နှင့် လက်သန့်ဆေးဗူးများ ဖြန့်ဝေပေးခဲ့သည်။






