ဒေါလျားခူကျေးရွာ၌ လေဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေပေးအပ်
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါလျားခူကျေးရွာတွင် မေ ၁၄ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ်မှ မိသားစုဝင်များအား ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်လေးရွှေဇင်ဦးနှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ထောက်ပံ့ငွေ ၁၀၀၅၀၀ ကျပ် ပေးအပ်ခဲ့သည်။






