မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဦးဩဘာသလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဦးဩဘာသလမ်းအား ပြည်သူများ သွားလာရေး လွယ်ကူချောမွေ့ အဆင်ပြေစေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန္တလေးဈေးချိုတော် မန်းမြန်မာပလာဇာနှင့် ရတနာပုံဈေးများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ရှင်းလင်းပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေး
မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ယာယီပိတ်ထားခဲ့သည့် ဈေးချိုတော်၊ မန်းမြန်မာပလာဇာနှင့် ရတနာပုံဈေးများအား ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရှင်းလင်းပြင်ဆင်ထားရှိမှု အခြေအနေများအား
တောင်ကြီးမြို့၌ ၂၀၂၀ မိုးစပါးချေးငွေများ စတင်ထုတ်ချေး
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်တွင် စိုက်ပျိုးစရိတ် ချေးငွေများအား တောင်သူများ အဆင်ပြေစေရေးအတွက် နိုင်ငံတော်အစိုးရက အတိုးနှုန်းသက်သာစွာဖြင့်
မော်လူးမြို့ တိုက်နယ်ပြည်သူ့ဆေးရုံတွင် ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးမြို့တွင် ယနေ့နံနက် ၈ နာရီက မော်လူးတိုက်နယ် ပြည်သူ့ဆေးရုံ၌ ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံသည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းသို့ နှာခေါင်းစည်း အခု ၁၅၀၀ နှင့် ပိုးသတ်လက်သန့်ဆေးရည်ဘူး ၆၀ လှူဒါန်း
Aye Khin Medicine ကုမ္ပဏီ၏ မတည်ပံ့ပိုးကူညီမှုဖြင့် Gold Lite Myanmar ကုမ္ပဏီနှင့် Sawadee Electronic ကုမ္ပဏီတို့ ပါဝင်သည့်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်ရှိ ကြေးမုံသတင်းစာတိုက်တွင်
မချမ်းဘော့မြို့နယ်အတွင်း နေရပ်ပြန်များအား သတ်မှတ်နေရာများ၌ သီးသန့်ထားရှိ စောင့်ကြပ်ကြည့်ရှု
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်အတွင်း ပြည်ပနိုင်ငံမှ ပြန်လည်ရောက်ရှိသူများနှင့် ရန်ကုန်မန္တလေးမှ ပြန်လာသူများအား သတ်မှတ်နေရာများ၌ သီးသန့်ထားရှိ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်
ကာမိုင်း၌ မြို့လုံးကျွတ် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်