ပန်နန်းဒင်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ပြိုကျမှုများဖြစ်၍ ခရီးသွားလာသူများ အခက်အခဲဖြစ်နေ
ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ပြိုကျမှုများ၊ ရေတိုက်စားခြင်းများနှင့် သစ်ပင်ကြီးများ လမ်းမပေါ်လဲကျမှုရှိကြောင်း သိရသည်။







