မြောင်းမြမြို့နယ် ရေကျော်ကုန်းကျေးရွာနှင့် ပျဉ်းကတိုးကုန်းကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေး ဌာနခွဲ အဆောက်အဦသစ်များဖွင့်လှစ်
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့နယ်တွင် အလှူရှင် လှူဒါန်းမှုဖြင့်  (၂၀)ခုမြောက်နှင့် (၂၁)ခုမြောက် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရေကျော်ကုန်းကျေးရွာနှင့် ပျဉ်းကတိုးကုန်းကျေးရွာ တို့ရှိ အဆိုပါ အဆောက်အဦများရှေ့၌ ကျင်းပ
 (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း (အလွတ်တန်း) ပြိုင်ပွဲများ ကျင်းပမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ စီစဉ်ကျင်းပပြီး ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး၏ ပံ့ပိုးကူညီမှုဖြင့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း (အလွတ်တန်း) ပြိုင်ပွဲများကို မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း သိရ
မကွေးတိုင်းရှိ နိုင်ငံပိုင် ရေနံမြေခုနစ်ခုမှ တစ်နှစ်အတွင်း ရေနံစိမ်းစည်ပေါင်း ၂၁သိန်းကျော်ထွက်ရှိ
ပြည်ထောင်စုအဆင့်မှစီမံခန့်ခွဲသည့် နိုင်ငံပိုင်ရေနံမြေ(၁၂)ခုတွင် မကွေးတိုင်းမှ(၇)ခုပါဝင်နေပြီး တစ်နှစ်အတွင်း  ရေနံစိမ်းစည် ၂၁သိန်းကျော် ထွက်ရှိခဲ့ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့မှ သိရသည်။
ရွေးကောက်ပွဲလုပ်ငန်းများ ပိုမိုကျွမ်းကျင်လာစေရန် ခရိုင်အဆင့်စွမ်းရည်မြှင့်သင်တန်း မကွေးမြို့၌ ပြုလုပ်
မကွေးခရိုင်အတွင်းရှိ အများပြည်သူကြည်ညိုလေးစားခံရသည့်ပုဂ္ဂိုလ်(၃၈)ဦးနှင့် ဝန်ထမ်း(၁၁)ဦးအား ရွေးကောက်ပွဲလုပ်ငန်းများ၌ ပိုမိုကျွမ်းကျင်လာစေရန် ခရိုင်အဆင့် စွမ်းရည်မြှင့်သင်တန်းကို မကွေးမြို့ စုပေါင်းရုံးခန်းမ၌ ဇန်နဝါရီလ  ၄ ရက်နေ့ နှင့် ၅ ရက်နေ့များ၌  ပို့ချခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရ