ရေရှားပါးသည့် ကလောမြို့နယ်နှင့် ပင်းတယမြို့နယ်ရှိ ကျေးရွာများသို့ ရေလှူဒါန်း
ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ကလောမြို့နယ်အတွင်း ကျေးရွာ (၂)ရွာ နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်း ကျေးရွာ (၅)ရွာတို့တွင် ရေရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဧပြီလအတွင်း လက်ရှိအချိန်အထိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေများလှူဒါန်းပေးလျက်ရှိကြောင်း၊








