YBS ယာဉ်များ၌ စတင်အသုံးပြုမည့် ငွေပေးချေကတ်စနစ်အတွက် ရှေ့ပြေးစမ်းသပ်မှုများကို စတင်လုပ်ဆောင်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်သယ်ယူပို့ဆောင်ရေး (YBS) ယာဉ်များတွင် စတင်အသုံးပြုမည့် ငွေပေးချေကတ်စနစ်အတွက် ရှေ့ပြေးစမ်းသပ်မှုများကို စတင်လုပ်ဆောင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲရုံး၌ ယနေ့နံနက်ပိုင်းက ကျင်းပသော စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
𝟐𝟎𝟏𝟗-𝐧𝐂𝐨𝐕 𝐚𝐜𝐮𝐭𝐞 𝐫𝐞𝐬𝐩𝐢𝐫𝐚𝐭𝐨𝐫𝐲 𝐝𝐢𝐬𝐞𝐚𝐬𝐞 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်
𝟐𝟎𝟏𝟗-𝐧𝐂𝐨𝐕 𝐚𝐜𝐮𝐭𝐞 𝐫𝐞𝐬𝐩𝐢𝐫𝐚𝐭𝐨𝐫𝐲 𝐝𝐢𝐬𝐞𝐚𝐬𝐞 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ည ၇ နာရီခွဲတွင် သတင်းထုတ်ပြန်ခဲ့ပြီး အပြည့်အစုံမှာ ဖော်ပြပါအတိုင်းဖြစ်သည်-
မြိုင်မြို့နယ် ရွာရှည်ကျေးရွာကို အလှူရှင်များမှ စက်ရေတွင်း၊ ရေတင်ပန့်၊ ရေတင်စက်ရုံနှင့် ဂါလန်(၈၀၀)ဆံ့ ရေစင်လှူဒါန်းပေးအပ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စေတနာမျှဝေခြင်း အစီအစဉ်အရ ဆည်မြောင်းနှင့် ရေအသုံးချ စီမံခန့်ခွဲရေးဦးစီးဌာနမှ တွင်းတူးစက်နှင့် နည်းပညာအကူအညီဖြင့် ရန်ကုန်စက်မှုတက္ကသိုလ် (၁၉၈၀- ၁၉၈၃) မြို့ပြ အင်ဂျင်နီယာဘွဲ့ရ ကျောင်းသား/ကျောင်းသူများမှ မြိုင်မြို့နယ် ရွာရှည်ကျေးရွာသို့ စက်ရေတွင်း၊ ရေတင်ပန့်၊ ရေတင်စက်ရုံနှင့် ဂါလန်(၈၀၀)ဆံ့ရေစင် လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပြီး ကျေးရွာသူ ကျေးရွာသားများထံသို့ လှူဒါန်းပေးအပ်ခဲ့ကြကြောင်း သိရသည်။ 
အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံလုပ်ငန်း စီမံကိန်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ
ဘေးအန္တရာယ်ဖြစ်ပွားသည့် ဒေသများရှိ တောင်သူလယ်သမားများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အချိန်တိုအတွင်း ပြန်လည်ထူထောင်နိုင်ရေးအတွက် အရှေ့တောင်အာရှ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အာမခံလုပ်ငန်း စီမံကိန်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း French Business Confederation ကိုယ်စားပြုအဖွဲ့အစည်းဖြစ်သည့် MEDEF International ၏ Special Advisor to the Chairman of Michelin for International Affairs, Mr. Francois Corbin နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် French Business Confederation ကိုယ်စားပြုအဖွဲ့အစည်းဖြစ်သည့် MEDEF International ၏ Special Advisor to the Chairman of Michelin for International Affairs, Mr. Francois Corbin ဉီးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တပ်ကုန်းမြို့နယ် အေးချမ်းသာ စံပြကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၅ ဖေဖော်ဝါရီ