ကိုဗစ် - ၁၉ လူနာများအတွက် ယာယီဆေးရုံ ဆောက်လုပ်မှုအား ပြည်နယ်လူမှုရေးဝန်ကြီး သွားရောက်စစ်ဆေး
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်လူနာများ ထားရှိကုသရန် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းဝန်းရှိ ယာယီဆေးရုံ Isolation Ward-3 ဆောက်လုပ်ထားရှိမှုအား ယမန်နေ့ မွန်းလွဲပိုင်း၌ မွန်ပြည်နယ် လူမှုရေးဝန်ကြီး သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။






