POSCO International Corporation မှ ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေးနိုင်ရေးအတွက် Test kits များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်း 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော POSCO International Corporation မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုရီးယားနိုင်ငံထုတ် RT-PCR Test Kits and Rapid Antigen Test Kits များအား ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ Rapid Test Kit ဖြင့် စတင်စစ်ဆေး
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(ဝ/၅)နှင့် (ဝ/၆)အကြား၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအမံဖြင့် ရန်ကုန်တိုင်းဒေသကြီးဘက်မှ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ ဖြတ်သန်းသွားလာမည့် ကုန်တင်ယာဉ်နှင့် ခရီးသည်ယာဉ်များပေါ်ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ Rapid Test Kit ဖြင့် ပူးပေါင်းစစ်ဆေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စစ်ဆေးခဲ့ပြီးချိန်တွင်  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၄)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

လယ်ယာထုတ်ကုန်စီမံခန့်ခွဲ့ရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကျင်းပ
လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌  Zoom Application ဖြင့် ကျင်းပသည်။ 
ပခုက္ကူမြို့နယ်တွင် CFAVC စီမံကိန်းဖြင့် စိုက်ပျိုးမြေဧက ၈၀၀ ကျော် အကျိုးပြုမည့် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ် 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက် (CFAVC)စီမံကိန်းဖြင့် ပခုက္ကူမြို့နယ်၊ ရွှေတန့်တစ်ကျေးရွာတွင် စိုက်ပျိုးဧက ၈၀၀ ကျော် အကျိုးပြုဖြစ်ထွန်းစေမည့် ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ဟားခါးမြို့တွင် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ ၉၅ ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိ
ချင်းပြည်နယ် ဟားခါးမြို့တွင် မဲရုံလုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ ၉၅ ဦးအား  အောက်တိုဘာ ၁၂ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရာ ရောဂါပိုး တွေ့ရှိသူမရှိကြောင်း .....
ဟားခါးမြို့နယ်အတွင်း ဆောင်းသီးနှံကုလားပဲ စမ်းသပ်စိုက်ပျိုးမည်
ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့် သီးနှံမျိုးစေ့ရရှိနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့သည့် ဆောင်းသီးနှံကုလားပဲ ဒေသနှင့်ကိုက်ညီမှုရှိမရှိကို အောက်တိုဘာလအတွင်း ဟားခါးမြို့ ဟိုင်တလန်စိုက်ပျိုးရေးခြံတွင် စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ....