ဗန်ကောက်မြို့နှင့် စင်ကာပူမြို့ရှိ မြန်မာသံရုံး (၂)ရုံးတို့တွင် ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေး
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့တွင် ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြရာ ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၃၈၂) ဦးနှင့် စင်ကာပူမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၁၀၅၄) ဦးတို့ ကြိုတင်ဆန္ဒမဲများ ဆက်လက်ပေးခဲ့ကြောင်း သိရသည်။





