နမ့်ခမ်းမြို့၊ (Facility Quarantine Center)၌ ကျန်းမာရေးစောင့်ကြည့်နေသည့် အမျိုးသမီးများအား အမျိုးသမီး အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်ချုပ်ကုသရေးအတွက် ဖွင့်လှစ်ထားသည့် (Facility Quarantine Center)၌ နမ့်ခမ်းမြို့၌ ဒေသအသီးသီးမှ လာရောက်၍ ကျန်းမာရေး စောင့်ကြည့်နေသည့် အမျိုးသမီးများအား ယနေ့  နံနက်(၁၀)နာရီက အမျိုးသမီး အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့
တနင်္သာရီ၌မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချပေးမည်
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်တွင် ကျင်းပပြုလုပ်မည့် လွှတ်တော်ရွေးကောက်ပွဲတွင် တာဝန် ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအား အောက်တိုဘာလ ၁၉ ရက်မှ စ၍ နယ်မြေ (၇)နေရာ ခွဲ၍ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် မဲရုံမှူး၊ဒုမဲရုံမှူး လုပ်ငန်း လမ်းညွှန်များအတိုင်း ရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် သင်တန်းများ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေမှ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သောက်သုံးရေ ရရှိရေး ယခင် ဘဏ္ဍာရေးနှစ်ထက် (၁၀၃)သန်းကျော်ပိုမိုလျာထား

ထီးလင်းမြို့နယ် ထလင်းကျေးရွာ တောင်သူဦးစိန်မောင်၏စိုက်ခင်းတွင် ဆောင်းမြေပဲများစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ
ဒေသတွင်း ဆီထွက်သီးနှံစားသုံးမှု ဖူလုံစေရေးနှင့်တောင်သူများ အပိုဝင်ငွေရရှိကာ မိသားစု စားဝတ်နေရေး သက်သာချောင်လည်စေရေးတို့အတွက် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများကို စိုက်ပျိုးလျက်ရှိကြရာ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ထလင်းကျေးရွာ တောင်သူ ဦးစိန်မောင်၏ စိုက်ခင်းတွင် ဆောင်းမြေပဲများ စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက် ရှိ
တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ လူနာစောင့်ထိုင်ခုံများ၊ နှာခေါင်းစည်းများ၊ ရေသန့်ကဒ်များ၊ Face Shield များ လာရောက်လှူဒါန်း

မဟာမုနိဘုရားကြီးတွင် ရှားပါးရှေးဟောင်းပေစာ၊ ပုရပိုက်နှင့် ကမ္မဝါစာများ၊ နံရံဆေးရေး ပန်းချီများ ပြုပြင်ထိန်းသိမ်း

မိုးကုတ်မြို့နယ် ကျောက်ဆောင်ကျေးရွာ၊ ဘုရားလေးလုပ်ကွက် အမှတ်(၂)တွင်းတွင်  ကျောက်တူးလုပ်သား နှစ်ဦးနင်းကြမ်းကျိုး၍တွင်းထဲပြုတ်ကျ၍ကယ်ဆယ်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ သဒွတ်လျှိုကျေးရွာအုပ်စု၊ ကျောက် ဆောင် ကျေးရွာ၊ ဘုရားလေးလုပ်ကွက်အမှတ်(၂)တွင်းတွင် အောက်တိုဘာ၁၇ရက် မွန်းလွဲ၁နာရီခွဲက ကျောက်မျက် တူးဖော်ရေးတွင်းလုပ်သားနှစ်ဦး နင်းကြမ်းကျိုး၍ တွင်းထဲပြုတ်ကျသွား ကြောင်း သတင်းရရှိ သဖြင့် မိုးကုတ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသအရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ