ဇမ္ဗူသီရိမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များအား မြို့နယ်ကြိုတင်မဲပုံးထဲသို့ ထည့်သွင်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့် မဆုံးရှုံးစေရေး ပုံစံ ၁-၁ ဖြင့်ရေးသွင်းထားသည့် မဲဆန္ဒနယ် ပြင်ပရောက် ကျောင်းသား များ၊ သင်တန်းသားများနှင့် အချုပ်သားများမှ ပေးပို့လာသော ဆန္ဒပြုပြီးသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များအား မြို့နယ်ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းရန် သက်ဆိုင်ရာ ပါတီကိုယ်စားလှယ် လောင်းများအား ဖိတ်ကြား၍ ၎င်းတို့ကိုယ်တိုင် စာအိတ်များဖွင့်ဖောက်၍ မြို့နယ်ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းခြင်းကို ယမန်နေ့မွန်းလွဲ (၃) နာရီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့
သင်္ဃန်းကျွန်းမြို့နယ်တွင် မဲရုံမှူးများအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းခန်းမတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့
နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် လှိုင်းဘွဲမြို့နယ်အတွင်း မိကြောင်-သမို-ရှမ်းရွာသစ်လမ်း ဆောင်ရွက်မှုများ ရာနှုန်းပြည့်ပြီးစီး

ခရမ်းမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချ

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ထီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ငွေကျပ် ၃၇၂၅၅၀၀၀၀ ဖြင့် လုပ်ငန်း (၃၇)ခု လျာထားဆောင်ရွက်မည်

ဟိုပုံးမြို့နယ်တွင်၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ESAP ဖြင့် ဆောင်ရွက်သည့် ရေရရှိရေးလုပ်ငန်းပြီးစီးမှုအား ကွင်းစစ်ဆေး

ကမ္ဘာ့လက်ဆေးခြင်းများနေ့ အထိမ်းအမှတ် ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ လှုပ်ရှားဆောင်ရွက်