ရခိုင်ပြည်နယ်၊ သံတွဲခရိုင် တောင်ကုတ်မြို့နယ်အတွင်း တရားမဝင်သစ်များနှင့် စက်လှေများ ဖမ်းဆီးရမိ
အမှတ် (၅)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ တပ်ဖွဲ့ဝင်များ၊ သံတွဲခရိုင်နှင့် တောင်ကုတ်မြို့နယ် သစ်တောဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိ နယ်မြေ ရှင်းလင်းဆောင်ရွက်ရာ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်အတွင်းမှ စုပုံထားရှိသော တရားမဝင်သစ် တန် (၇၀၀) ခန့်၊ တရားမဝင်သစ် သယ်ဆောင်လာသော စက်လှေခြောက်စီးပေါ်မှ တရားမဝင် ကျွန်း၊ ပိတောက်၊ စကားဝါ၊ ကညင်တန် (၃၆၀) ခန့်၊ စက်လှေ (ခွံ) သုံးစီး၊ တရားခံ (၆၁) ဦး ဖမ်းဆီးရမိခဲ့သည်။







