ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီနေထိုင်စေရေးအတွက် ကမာရွတ်မြို့နယ် လှည်းတန်းဈေးရှေ့တွင် အသိပညာပေး လှုပ်ရှားမှုများပြုလုပ်ခဲ့
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားဆဲကာလတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီနေထိုင်စေရေးအတွက် အမှတ်(၃၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲဝင်များက ယနေ့နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ် လှည်းတန်းဈေးရှေ့ လှည်းတန်းလမ်းမပေါ်တွင် အသိပညာပေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။






