ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဟားခါးမြို့  UPC ဘုရားကျောင်း ခန်းမဆောင်သစ်ဖွင့်ပွဲ တက်ရောက် 

ချင်းပြည်နယ် ဟားခါးမြို့၌ရောက်ရှိနေသော ဒုတိယသမ္မတ  ဦးဟင်နရီဗန်ထီးယူသည်    ယနေ့ နံနက် ၁၀ နာရီတွင် ဟားခါးမြို့ UPC ဘုရားကျောင်း ခန်းမဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
လှိုင်းဘွဲမြို့နယ် သမဝါယမအသင်းစုလီမိတက်က ရိတ်သိမ်းခြွေလှေ့ခြင်းနှင့် လယ်ထွန်ယက်ခြင်းလုပ်ငန်းများ ဆောင်ရွက်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် သမဝါယမအသင်းစုလီမိတက်နှင့် ရတနာလယ်ယာဝန်ဆောင် သမဝါယမ အသင်းတို့သည် အသင်းပိုင်၊ အသင်းသားပိုင် ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ဝင်းစိန်ကျေးရွာ၊ ကဒီကန်ကျေးရွာ၊ ထီလုံကျေးရွာ၊ ထုံးအိုင်ကျေးရွာ၊ နောင်သငဲ့ကျေးရွာနှင့် ကျောက်တောင်ထန်းတော ကျေးရွာများရှိ စုစုပေါင်း (၃၄၅)ဧကကို .....
ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ နေရပ်ပြန်ပြည်သူ(၉၀)ဉီးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသော တရုတ်နိုင်ငံ၊ ပေကျင်းမြို့ မြန်မာသံရုံးအကူအညီဖြင့် လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ (၉၀)ဉီးအား .....
ပုဗ္ဗသီရိ၌ မိုးစပါးသီးနှံဓာတ်မြေဩဇာနှုန်းထားစမ်းသပ်ကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် မိုးစပါးသီးနှံ ဓာတ်မြေဩဇာနှုန်းထားစမ်းသပ်ကွက် ရိတ်သိမ်းမှု ကွင်းသရုပ်ပြခြင်းကို ယနေ့ နံနက် ၉ နာရီက သပြေတန်းကျေးရွာ၊ ကွင်းအမှတ်(၁၆၃၄)၌ ဆောင်ရွက်ခဲ့သည်။
ထီးချိုင့်မြို့နယ်၌ ဆင်းဧကရီ ၃ မိုးစပါး မျိုးစေ့ထုတ်စံကွက်ရိတ်သိမ်း၊ တစ်ဧက တင်း (၁၀၀)ထွက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် ကျက်သရေချောင်းကျေးရွာ၌ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော ဆင်းဧကရီ ၃ မိုးစပါးမျိုးစေ့ထုတ် စံကွက်ရိတ်သိမ်းခြင်းကို  ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
မြိုင်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရအနေဖြင့် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၇ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ပွင့်ဖြူမြို့၊ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်း
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေးအသင်းမှ ပရဟိတအဖွဲ့ဝင်များ မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မင်းတဲကုန်းကျေးရွာမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ လာရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း.....