ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ဈေးများနှင့်၊မြို့တွင်းရှိဈေးဆိုင်ခန်းများတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်ညွှန်ကြားချက်များ၊သတ်မှတ်ချိန်များအတိုင်း ရောင်းချရန်နှင့် နိုဝင်ဘာ ၃၀ ရက်အထိ ဆက်လက်လိုက်နာဆောင်ရွက်သွားရန် သက်ဆိုင်ရာက ကြေညာချက် ထုတ်ပြန်ထားရှိပြီး ဖြစ်ရာ နိုဝင်ဘာ ၁၁ ရက် ယနေ့နံနက်ပိုင်းက မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့စည်ပင်သာယာရေး အဖွဲ့၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ နယ်မြေ ရဲတပ်ဖွဲ့၊ နယ်မြေ မီးသတ်တပ်ဖွဲ့၊ မြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မြို့တွင်းရှိဈေးဆိုင်များသို့ ရှောင်တခင် လှည့်လည် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရ