မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပေါက်မြို့နယ်အတွင်း လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ပညာရေးဆိုင်ရာအဆောက်အဦ ၂၃၄ ခုကို အခြေခံပညာ ဦးစီးဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲကို နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ပေါက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ COVID-19 ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရ