မော်လမြိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၃၀ ၏ သောက်သုံးရေ အရည်အသွေးစမ်းသပ်စစ်ဆေးမှု ရာနှုန်းပြည့်ပြီးစီး
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာ ၃၀ ရွာမှ ကျေးလက်နေပြည်သူများ နေ့စဉ်သောက်သုံးလျက်ရှိသည့် ရေအရင်းအမြစ်၏ ရေအရည်အသွေးများကို အောက်တိုဘာလ တတိယအပတ်က စတင်စမ်းသပ် စစ်ဆေးခဲ့ရာ ယခုအခါ ရာနှုန်းပြည့် စမ်းသပ်စစ်ဆေးပြီးစီးနေပြီဖြစ်ကြောင်း မော်လမြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရ







