မုံရွာမြို့နယ်အတွင် ဆောင်းကြက်သွန်နီများ  ဧကပြတ်စိုက်ပျိုးကြသည့်နေ့စား အလုပ်သမားများ အဆင်ပြေလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ကြက်သွန်နီသီးနှံများကို ဆောင်းသီးနှံများအဖြစ် စိုက်ပျိုးလျက်ရှိရာ ကြက်သွန်နီ စိုက်ပျိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး လုပ်သားများငှားရမ်းစိုက်ပျိုး ကြသဖြင့် ဧကပြတ် စိုက်ပျိုးကြသည့် နေ့စားအလုပ်သမားများ အဆင်ပြေလျက်ရှိကြောင်း သိရ
ပွင့်ဖြူမြို့နယ် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် အိမ်ထောင်စု ဝင်များအား စားသောက်ဖွယ်ပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့လှူဒါန်း
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ၊ ကံလှကျေးရွာ ၊ ကျောင်းစုကျေးရွာနှင့် ဇီးကျွန်း ကျေးရွာတို့တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့လျက်ရှိရာ နိုဝင်ဘာ ၁၆ ရက် ၊ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့ ၊ ထွန်းတော်နိုင်အောင် (ကုန်မာဆိုင်နှင့် ထီရောင်းဝယ်ရေး)မိသားစုက ကမ်းပြိုဘေးသင့်သည့် အိမ်ထောင်စုဝင်များ အဆင်ပြေစွာ စားသောက်နိုင်ရေး အတွက် ဆန် ၊ ဆီ ၊ လက်ဖက်ပဲကြော် ၊ သောက်ရေသန့်နှင့် အလှူငွေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရ
တန်ဆောင်တိုင်ကာလအတွက် ပစ္စည်းထုတ်ရန် နိုဝင်ဘာ ၁၉၊ ၂၀ ရက်တွင် ဈေးချိုအား ခေတ္တပြန်လည်ဖွင့်မည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ စာသင်ကျောင်းဆောင်ပေါင်း (၂၁၆)လုံး ဆောက်လုပ်သွားမည်

လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများအား Mobile Market ဈေးကားဖြင့် ဈေးနှုန်းချိုသာစွာလာရောက်ရောင်းချပေး
ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြိုနယ် အနော်ရထာလမ်း  ၊အမှတ်(၂၀) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နား၌ ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများအား Mobile Market ဈေးကားဖြင့် ဟင်းသီးဟင်းရွက်နှင့် သားငါးများကို ဈေးနှုန်း ချိုသာ စွာဖြင့်  ယနေ့နံနက် (၇)နာရီမှ (၁၁)နာရီအထိ လာရောက်ရောင်းချ ပေးလျက်ရှိ
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆောင်းသီးနှံစိုက်တောင်သူများ၏ စိုက်ဧက (၂၃၁၅၁၇) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ်(၂၄ ဒသမ ၆၄) ဘီလီယံ ထုတ်ချေးပေးရန်လျာထားပြီး စတင်ထုတ်ချေး ပေးလျက်ရှိ

ချောင်းဆုံမြို့နယ်တွင် Mobile TB Team တီဘီရောဂါကွင်းဆင်းရှာဖွေကုသပေးခြင်းဆောင်ရွက်