စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် တစ်ရွာလျင် ငွေကျပ် သိန်း(၁၀ဝ)ဖြင့် ကျေးရွာ(၁၀)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ ကျေးရွာများအား ရွေးချယ်ခြင်းကို နိုဝင်ဘာ ၂၀ ရက်က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ