မျက်နှာအကာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု သန်လျင်မြို့မဈေးကြီးတွင် ပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းကာ မျက်နှာအကာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့မဈေးကြီးတွင် ပြုလုပ်သည်။







