၂၀၂၀ ပြည့်နှစ် မြန်မာ့မီဒီယာပေါင်းစည်းရေးနှင့် ဆန်းသစ်တီထွင် ဖွံ့ဖြိုးတိုးတက်ရေး အွန်လိုင်းသင်တန်းသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများတက်ရောက်

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)နှင့် တရုတ်နိုင်ငံ အမျိုးသား ရုပ်မြင်သံကြားနှင့် အသံလွှင်ဌာန(NRTA)တို့ ရုပ်သံကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ စာချွန်လွှာအရ ၂၀၂၀ ပြည့်နှစ် မြန်မာ့မီဒီယာ ပေါင်းစည်းရေးနှင့် ဆန်းသစ်တီထွင် ဖွံ့ဖြိုးတိုးတက်ရေး အွန်လိုင်းသင်တန်းကို ယနေ့ နံနက်ပိုင်းကကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊  သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့မှ  ဝန်ထမ်းများအပါအဝင် မိတ်ဖက်ရုပ်သံလွှင့်မီဒီယာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တက္ကသိုလ်ဝင်တန်းကျောင်းသင်ခန်းစာများကို Facebook LIVE ဖြင့် အခမဲ့စတင်ထုတ်လွှင့်မည်

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး စီမံချက်အတွက်  ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ ပထမအကြိမ်အစည်းအဝေးကျင်းပ
မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။