မကွေးတိုင်းဒေသကြီး သရက်မြို့တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းအား ကိုဗစ်-၁၉ အလွန်တွင်  ဖွင့်လှစ်ရန် စီစဉ်ထားရှိ

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီး  သရက်မြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းသားနှစ်ထပ်အိပ်ဆောင်၊ အုပ်ချုပ်မှုရုံး၊ ကျောင်းသားနှစ်ထပ်စားရိပ်သာ၊ (၂)ထပ်ခန်းမဆောင်၊ ဝန်ထမ်းအိမ်ရာ၊ ရေချိုးခန်း/သန့်စင်ခန်းနှင့် စာကြည့်တိုက် တည်ဆောက်ပြီးစီးခဲ့မှုများအား ပခုက္ကူခရိုင် ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီခွဲတွင်  သွားရောက် ကြည့်ရှုစစ်ဆေး၍ ကိုဗစ်-၁၉ ကာလအလွန် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် ချိန်တွင် သရက်ခရိုင်အတွင်းမှ  သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော ပဉ္စမတန်း (Grade -6) နှင့် ဆဌမတန်း (Grade -7) ကျောင်းသား၊ ကျောင်းသူများအား စတင်လက်ခံပြီး ပြုစုပျိုးထောင်လေ့ကျင့်ပေး နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် မဲလံ ၃၃ ကေဗွီဓာတ်အားလိုင်း (၇ ဒသမ ၃ မိုင်)နှင့် ၃၃/၁၁ကေဗွီ၊ ၅ အမ်ဗွီအေခွဲရုံ ဖွင့်ပွဲတက်ရောက်

ဘားအံ  ၂၆  နိုဝင်ဘာ