ကျောင်းကုန်းမြို့ အမတရောင်ခြည်ဘုရားဖြူ ကျောင်းတိုက်၌ တန်ဆောင်မုန်းလပြည့်နေ့ည မီးပုံးပျံပွဲ ဆင်နွှဲ
တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အမတရောင်ခြည်ဘုရားဖြူကျောင်းတိုက်၌ ယမန်နေ့ည ၈ နာရီအချိန် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။



