အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်ရာထူး ရွေးချယ်ခန့်အပ်ရေးအတွက် လူတွေ့မေးမြန်းခြင်း (Interview Panel) ကို ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး Interview Panelist အဖြစ် ပါဝင်တက်ရောက်၍ ရွေးချယ်ပေးသည်။