COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁-၁၂-၂၀၂၀) ရက်နေ့၊ ညနေ (၅:၃၀)နာရီ

ကိုဗစ်-၁၉ ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ ပံ့ပိုးကူညီသည့် အဝတ်နှာခေါင်းစည်းများ  ကျောက်ဖြူမြို့ ဌာနဆိုင်ရာရုံးများနှင့် ပရဟိတအဖွဲ့များထံ လှူဒါန်း
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်တိုက်ဖျက်ရေးကို ပံ့ပိုးကူညီသည့်အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ ပံ့ပိုးထားရှိသည့် တစ်ကိုယ်ရည်သုံး အဝတ်နှာခေါင်းစည်း(Mask)များကို ယနေ့ နံနက် ၉ နာရီက ကျောက်ဖြူခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံး၌ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပေးအပ်လှူဒါန်းရာ ဌာနဆိုင်ရာများ၊ အသိပညာပေးရေးနှင့် သတင်းစုဆောင်းထုတ်ပြန်ရေးကော်မတီအဖွဲ့ နှင့် လူမှုရေးအသင်းအဖွဲ့များက လက်ခံရယူခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငွေစုငွေချေးသမဝါယမအသင်းများမှ  အသင်းသားများသို့ စုဆောင်းငွေအပေါ်အတိုးများ ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ရွှေရုပ်လွှာငွေစုငွေချေးသမဝါယမအသင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် အသင်းသား(၂၃၀)အား ထုတ်ပေးရန်ရှိသည့် စုဆောင်းငွေအပေါ် အတိုးငွေကျပ် (၃၀၃၆၃၀၀) ကို အသင်းအမှုဆောင်အဖွဲ့မှ အသင်းသားများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
COVID-19  ရောဂါပိုး ကူးစက်ခံခဲ့ရသည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ကျန်းမာရေးကောင်းသောကြောင့် ဆေးရုံဆင်းခွင့်ရ
COVID-19 ရောဂါ ပိုးကူးစက်ခံခဲ့ရသည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင် ယနေ့ ဆေးရုံမှ ဆင်းခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်လမ်းဦးစီးဌာနမှ သောက်သုံးရေအခက်ကြုံနေသည့် ကျေးလက်နေပြည်သူများအား သောက်သုံးရေများ သွားရောက်လှူဒါန်း
မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ် မှန်တောကျေးရွာတွင် အဝီစိစက်ရေတွင်း ချွတ်ယွင်းပျက်စီးသွားသဖြင့် ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေ အခက်ကြုံတွေ့နေကြောင်း သိရ၍ ...............