ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ရေး လူထုလုပ်ရှားမှုစီမံချက် ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေး လူထုလုပ်ရှားမှုစီမံချက်ကို လူစည်ကားရာနေရာ များဖြစ်သည့် ပင်လောင်းမြို့မဈေးနှင့် ပျံကျဈေးတို့တွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။





