ကြက်သွန်ဖြူသီးနှံ (GAP and Water Management) စံပြစိုက်ခင်းသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မန်းပွဲကျေးရွာရှိ တောင်သူ ဦးစိုင်းထွန်းလှိုင်၏ ကြက်သွန်ဖြူသီးနှံ (GAP and Water Management) စံပြစိုက်ခင်းသို့ ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီခွဲက သွားရောက်ကွင်းဆင်း ကြည့်ရှုကြကြောင်း သိရသည်။
မန်းပွဲကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ(၂၅၇) ဦးအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပေးအပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မန်းပွဲကျေးရွာအုပ်စုအတွင်းရှိ ပြည်သူ(၂၅၇)ဦးအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပေးအပ်ခြင်းကို ဒီဇင်ဘာ ၁၆ ရက် မွန်းတည့် ၁၂ နာရီက မန်းပွဲကျေးရွာအုပ်စု ရှဲန်ခိုက်ဘုရားကျောင်း၌ ကျင်းပသည်။
ပင်လောင်းမြို့နယ် ရေရှည်တည်တံ့သော အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းကျေးရွာများသို့ ပြောင်းခြွေစက်နှင့် အင်ဂျင်စက် ပေးအပ်
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်နေသည့် ပေါ့အင်ကျေးရွာအုပ်စုနှင့် လွယ်မောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ရှစ်ရွာအတွက် ပြောင်းခြွေစက် ရှစ်လုံးနှင့် အင်ဂျင်စက် ရှစ်လုံးကို ဒီဇင်ဘာ  ၁၆ ရက် နံနက်ပိုင်းက ပေါ့အင်ကျေးရွာအုပ်စု၊ ဆောင်းပေါင်ကျေးရွာတွင် ထောက်ပံ့ပေးအပ်သည်။
ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တည်ဆောက်သော  ကင်ပွန်းခြုံတံတား ရာနှုန်းပြည့်ပြီးစီးပြီဖြစ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ဇီးငူအုပ်စုရှိ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကင်ပွန်းခြုံတံတား တည်ဆောက်ရာနေရာသို့ ဒီဇင်ဘာ  ၁၆  ရက် နံနက် ၁၀ နာရီခန့်က မြို့နယ်ဒေသဖွံ့ဖြိုးရေးကော်မတီဝင်များ သွားရောက်ကြည့်ရှုခဲ့သည်။
လယ်ယာမြေများ ရေတိုက်စားမှုမရှိစေရေး ကျောက်ထုတွင် ရေကာနံရံတည်ဆောက်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ မြို့မရပ်ကွက်အနီးရှိ ကွင်းအမှတ် (၉၈)ရှိ လယ်ယာ မြေ ဧက(၈၀)ကျော်သည် နှစ်စဉ်ရေတိုက်စားမှု ကြုံတွေ့နေရသဖြင့် အဆိုပါလယ်မြေများ ရေတိုက်စားမှု နှင့် ရေလွှမ်းမိုးမှုများမှ ကာကွယ်နိုင်ရေးအတွက်
ကတ္တားဂိတ်ကို ဖြတ်ကျော်ရန် အတွက် တင်ဆောင်လာသည့် ကုန်ပစ္စည်းများကို တန်ချိန်လျော့စေရန် အခြားယာဥ်တစ်စီးဖြင့် ကဲ့၍သွားလာနေသည့် မော်တော်ယာဥ်များကို အရေးယူဆောင်ရွက်သွားမည်
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ကောင်ရာရပ်ကွက် (မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား) ပြည်ထောင်စုလမ်းမကြီး Km(569.50) ဆိုင်ဝမ်ကထောင် တန်ပိုစစ်ဆေးရေး ကတ္တားဂိတ် (Weight Bridge) ကို ဖြတ်ကျော်ရန်အတွက် ကုန်တင်ယာဥ်များမှ ကုန်ပစ္စည်းများကို တန်ချိန်လျော့စေရန် ဂိတ်အနီး၌ အခြားယာဥ် တစ်စီးဖြင့် ကဲ့၍သွားလာနေသည့်  မော်တော်ယာဥ်များကို
ကျောက်ဖြူမြို့၌ ရပ်နားထားသည့် ပြည်တွင်းလေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲတော့မည်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါ အခြေအနေများကြောင့် ဩဂုတ် ၂၂ ရက်မှ ရပ်နားထားသည့်   ပြည်တွင်းလေကြောင်းခရီးစဉ်များကို ဒီဇင်ဘာ ၁၈ ရက်မှ စတင်၍ တစ်ပတ်လျှင် သုံးရက်စီ ပြန်လည်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် မြန်မာ့လေကြောင်း မန်နေဂျာထံမှ သိရသည်။