ပန်ဆိုင်းမြို့နှင့် မုံးကိုးမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးများ ကွင်းဆင်း ဆောင်ရွက်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဒူဝါဇုတ်ဒေါင်၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးရှဲန်တစ်လုံ၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကိန်မိုင်နှင့် ဌာနဆိုင်ရာများက ဒီဇင်ဘာ ၁၇ ရက်က မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့တို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုကြ
ပဲပုတ်နှင့် နေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် မြေဩဇာများ ထောက်ပံ့

ဗန်းမောက်-ပင်လည်ဘူးလမ်းပိုင်းပေါ်ရှိ ပင်းခါးချောင်းကြီး ချောင်းကူးတံတား တည်ဆောက်ရန် ပန္နက်တင်

ပင်လည်ဘူးမြို့နယ် စည်ပင်သာယာဈေး၌ ဈေးရောင်း ဈေးဝယ်များအား Face shield နှင့် Mask များ အခမဲ့ဖြန့်ဝေ
စစ်ကိုင်းတိုင်း ဒေသကြီး၊ ပင်လည်ဘူးမြို့ မြို့နယ်စည်ပင်သာယာဈေး၌   ဒီဇင်ဘာ ၁၈ ရက် နံနက် ၇ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနိုင်အတွက် Face shield နှင့် နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရ
နမ္မတူမြို့နယ် လူထုအခြေပြု ဗဟိုဌာန၌ အများပြည်သူအသိပညာပေး စာပေဖတ်ရှုခြင်း၏ အကျိုး ကျေးဇူး   (Talk Show) ကျင်းပ
နမ္မတူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Woman Club)အဖွဲ့တို့  ပူးပေါင်း၍ Online စနစ်ဖြင့် အများပြည်သူ အသိပညာပေး စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူး   (Talk Show)ကို  ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့
တုံတာမြို့တွင် ရွေ့လျားဓာတ်မှန်စက်အသုံးပြု၍ တီဘီရောဂါရှာဖွေကုသခြင်း အခမဲ့ဆောင်ရွက်ပေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တုံတာမြို့တွင် ကျိုင်းတုံမြို့ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ GF အထောက်အပံ့ဖြင့် ရွေ့လျားဓာတ်မှန်စက်အသုံးပြု၍ တီဘီရောဂါရှာဖွေကုသပေးခြင်းကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၉ နာရီက တုံတာမြို့ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့