အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ရေးဆွဲခြင်းအတွက် Max Myanmar   နှင့် ဧရာဝတီဘဏ်၊ Loi Hein Group of Companies၊ CB Bank၊ ကမ္ဘောဇဘဏ်၊ Shwe Taung Group of Companies၊ မြန်မာပြည်လုံးဆိုင်ရာ ပုဂ္ဂလိကကျောင်းများအသင်းတို့မှ နာယက၊ ဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေး  

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲရေးအတွက် Max Myanmar Holdings Co., Ltd နှင့် ဧရာဝတီဘဏ်၊  Loi Hein Group of Companies၊ CB Bank၊ ကမ္ဘောဇဘဏ်လီမိတက်၊ Shwe Taung Group of Companies၊ မြန်မာပြည်လုံးဆိုင်ရာ ပုဂ္ဂလိကကျောင်းများအသင်းတို့မှ နာယက၊ ဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ခရစ္စမတ်အကြို ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနား ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်  ကျင်းပ

ရန်ကုန်၊ ၁၉ ဒီဇင်ဘာ 

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၉-၁၂-၂၀၂၀) ရက်နေ့၊ ည  (၈:၀၀)နာရီ

ပြည်ပတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများနှင့် မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ပေး
COVID-19 ကူးစက်ရောဂါ ကာလအတွင်း၌ ကိုရီးယားသမ္မတနိုင်ငံတွင် သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသားများနှင့် မြန်မာနိုင်ငံသားများအတွက် ကိုရီးယားနိုင်ငံရှိ JSM International ၏ စီစဉ်မှုဖြင့် ၁၉-၁၂-၂၀၂၀ ရက်နေ့တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ဖြင့် အထူးကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့ကြောင်း သိရပါသည်။
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ရေး ညှိနှိုင်းဆွေးနွေး
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ အမျိုးသားအဆင့် စံလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
''Healthy and Happy Life in the New Normal Era''ဆွေးနွေးပွဲကျင်းပ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပ သည့် ''Healthy and Happy Life in the New Normal Era'' ဆွေးနွေးပွဲကို ဒီဇင်ဘာ  ၁၉  ရက် နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများက နောင်ချိုကျေးရွာသို့ ဆန်နှင့်ရေသန့်သွားရောက် လှူဒါန်း
မြန်မာနိုင်ငံတစ်ဝှမ်းတွင်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်လာနေသဖြင့် တောင်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာနေပြည်သူများအား စားသုံးရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများ  ပူးပေါင်းက ဒီဇင်ဘာလ ၁၉ ရက် နံနက် ၁၀ နာရီခွဲတွင် နမ့်ဆီးကျေးရွာအုပ်စု၊ နောင်ချို ကျေးရွာသို့ဆန်နှင့် သောက်ရေသန့်များ သွားရောက်လှူဒါန်းခဲ့ကြသည်။