ဒက္ခိဏသွေးလှူရှင်အသင်းမှ ရွှေဘိုမြို့ ချီပါစုရပ်ကွက်ရှိ အိမ်ထောင်စု(၂၀၀)ကျော်အတွက် အခြေခံစားသောက်ကုန် ပစ္စည်း(၅)မျိုး ထောက်ပံ့
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊အမှတ်(၇)ရပ်ကွက်၊ ချီပါစုရပ်ကွက်ရှိ အမှန်တကယ်လိုအပ်လျက်ရှိသော အိမ်ထောင်စု(၂၀၀)ကျော်အား အခြေခံစားသောက်ကုန် ပစ္စည်း(၅)မျိုးကို ယနေ့နံနက်(၁၀)နာရီက အဆိုပါ ရပ်ကွက်ရှိ နေရဗာန်ကျောင်းတိုက်၌ ဖြန့်ဝေလှူဒါန်းခဲ့သည်။








