မန္တလာသီရိအားကစားကွင်းရှိ Multi-Purpose Stadium တွင် အနံ့ပျောက်သူများ ထားရှိနိုင်ရန် ဧရာဝတီဖောင်ဒေးရှင်းက ပံ့ပိုးကူညီ
ဧရာဝတီဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူများအား ကုသပေးလျက်ရှိသည့် ဧရာဝတီစင်တာ (မန္တလေး) တွင် ထည့်သွင်းတည်ဆောက်ထားသော Test & Care ၌ RDT ဖြင့် ပထမအကြိမ် စစ်ဆေးရာတွင် Negative အဖြေထွက်ရှိသော အနံ့ပျောက်သူများကို ဒုတိယအကြိမ် ထပ်မံ မစစ်ဆေးမီ မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းရှိ Multi-Purpose Stadium တွင် အဆင်ပြေစွာ နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ပွင့်ဖြူမြို့နယ်၌ ငလျင်ဘေးအန္တရာယ်  သရုပ်ပြလေ့ကျင့်မှုများ ပြုလုပ် 
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်း ငလျင်ဘေးအန္တရာယ် ကြုံတွေ့လာပါက ဒေသခံပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရေး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေးအတွက် ရည်ရွယ်၍ ဒီဇင်ဘာ ၂၆ ရက်  မွန်းလွဲ ၁ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ၏ လမ်းညွှန်မှုဖြင့် ဒုတိယမီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
ဒဂုံမြို့သစ်တောင်ပိုင်း၌ နိုင်ငံတကာအဆင့်မီဖူဆယ်အားရုံတည်ဆောက်နေ
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း၌ နိုင်ငံတကာအဆင့်မီဖူဆယ်အားကစားရုံ တည်ဆောက် လျက်ရှိရာ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ပြီးစီးမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။
ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း J & M Steel Solution စက်ရုံတာဝန်ရှိသူများနှင့်တွေ့ဆုံ လမ်းသစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း လှည့်လည်ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် JFE Corporation တို့ Joint Venture ကုမ္ပဏီအဖြစ် တည်ဆောက်ထားသော J & M Steel Solution စက်ရုံသို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ကုမ္ပဏီ MD ၊ ဒါရိုက်တာများနှင့် Board of Director (BOD) အစည်းအဝေး ပြုလုပ်သည်။