မြန်မာနိုင်ငံ၏ တတိယအကျော့ လူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာ သုံးသပ်မှုခံယူရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ UPR လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ တတိယအကျော့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ၏ သုံးသပ်မှုခံယူရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။







