ပြည်ပရောက် မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ပေး
COVID-19 ကူးစက်ရောဂါကာလအတွင်း၌ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားရောက်ရန် စောင့်ဆိုင်း နေကြသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင် တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးလျက်ရှိရာ ဇန်နဝါရီ ၅ ရက်တွင် မြန်မာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့် (၃၈)ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲရန် စီစဉ်ပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ လူမှုဖူလုံရေးစီမံကိန်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းပြမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ လူမှုဖူလုံရေးစီမံကိန်း လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းပြမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင်  အဆိုပါဝန်ကြီးဌာန အစည်းအဝေးခမ်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
လေအိတ်ရထားတွဲဆိုင်းများ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိ
တရုတ်နိုင်ငံမှ မှာယူကာသယ်ဆောင်လာသည့် လေအိတ်ရထား တွဲဆိုင်း(၂၈)ဆိုင်းသည် ရန်ကုန်သီလဝါ (MITT)ဆိပ်ကမ်းသို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့တွင် စတင်ရောက်ရှိကြောင်း သိရသည်။
ရေးမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုး နှံပေး
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ " ခွေးရူးရောဂါ ကင်းစင်ကမ္ဘာတစ်ခွင် ၂၀၃၀ တွင် " အစီအစဉ်ဖြင့် ယနေ့နံနက်ပိုင်းကစတင်၍ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အိမ်မွေးခွေးများကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးနှင့် ဘုန်းတော်ကြီးကျောင်းများတွင် အခမဲ့ စတင်ထိုးနှံပေးကြောင်း သိရသည်။
ရေနံချောင်းမြို့၌ ဆိုင်ကယ်နှင့် သုံးဘီးများ ရှေ့မီးအနိမ့်ဖွင့်ပြီး မောင်းနှင်ခြင်း ရှိ မရှိ စစ်ဆေး
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ်၌ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်(ရေနံချောင်းမြို့)မှ မော်တော်ဆိုင်ကယ်များ နေ့/ည အချိန်တိုင်း ရှေ့မီးအနိမ့်ဖွင့်ပြီး မောင်းနှင်ခြင်းနှင့် သတ်မှတ်စည်းကမ်းများနှင့်အညီ မောင်းနှင်ခြင်း ရှိ မရှိ စစ်ဆေးခြင်းကို