ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့်အဖွဲ့မှ ထန်တလန်မြို့နယ် သီကီရ်ကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူများအား အလှူငွေများ၊ အခြေခံစားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ထန်တလန်မြို့နယ် သီကီရ်ကျေးရွာရှိ တိုက်ပွဲရှောင် ပြည်သူများအား အလှူငွေများ၊ အခြေခံစားသောက်ကုန်များနှင့် အသုံးအဆောင်ပစ္စည်းများကို ဇန်နဝါရီ ၁၆ ရက်က အဆိုပါကျေးရွာ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။






