ဘုတလင်မြို့နယ်၌ ကျန်းမာရေးဝန်ထမ်း ၁၇၈ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်း ၁၇၈ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက ပြည်သူ့ဆေးရုံကြီး၌ ပထမအကြိမ် စတင်ထိုးနှံကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးကျော်အောင် ထံမှ သိရသည်။








